Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

ရမ်းစွဲမျက်စိနာရောဂါ ကာကွယ်ရေးနှင့် သိမှတ်စရာများ

October 06 / 2026

မျက်လုံးနီရောဂါ

 

     မျက်လုံးနီခြင်း (Pink eye သို့မဟုတ် Conjunctivitis) ဆိုသည်မှာ မျက်ကြည်လွှာအတွင်းရှိ သွေးကြောမျှင်များ ကျယ်လာခြင်းကြောင့် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး၏ မျက်ကြည်လွှာ နီရဲလာသော အခြေအနေဖြစ်သည်။ အများအားဖြင့် မျက်ကြည်လွှာ ရောင်ရမ်းခြင်း သို့မဟုတ် ယားယံခြင်းကြောင့် ဖြစ်ပွားပြီး မည်သည့် အသက်အရွယ်နှင့် လိင်မဆို ဖြစ်ပွားနိုင်သည်။ အများအားဖြင့် ရောဂါလက္ခဏာများ မပြင်းထန်ဘဲ ၂-၃ ရက်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သော်လည်း ရောဂါလက္ခဏာများ ပြင်းထန်လာပါက သို့မဟုတ် အခြား မျက်စိရောဂါများနှင့် ဆက်စပ်နေပါက သင့်တော်သော ကုသမှုခံယူရန် ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။

 

မျက်လုံးနီရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

မျက်လုံးနီရောဂါသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပွားပြီး အများစုမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားလေ့ရှိသည်။

 

  • အထူးသဖြင့် Adenovirus ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်ပြီး အအေးမိခြင်း သို့မဟုတ် လည်ချောင်းရောင်ရမ်း၍ လည်ချောင်းနာခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့်အတူ ဒွန်တွဲဖြစ်ပွားနိုင်သည်။
  • မျက်လုံးနီရောဂါသည် အလွန်ကူးစက်လွယ်သော ရောဂါဖြစ်ပြီး လက် သို့မဟုတ် လူနာထိတွေ့ထားသော ပစ္စည်းများပေါ်ရှိ မျက်ချေး သို့မဟုတ် မျက်ရည်များကို တိုက်ရိုက်ထိတွေ့ခြင်း၊ အသုံးအဆောင်ပစ္စည်းများ အတူသုံးစွဲခြင်း၊ ချောင်းဆိုး/နှာချေခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။

 

မျက်လုံးနီရောဂါ

 

 

မျက်လုံးနီရောဂါ၏ ရောဂါလက္ခဏာများ

     ရောဂါလက္ခဏာများသည် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပွားနိုင်သည်။ နှစ်ဖက်စလုံးတွင် ဖြစ်ပွားပါက မျက်လုံးတစ်ဖက်တွင် စတင်ဖြစ်ပွားပြီး ၂-၃ ရက်အတွင်း အခြားတစ်ဖက်သို့ ကူးစက်သွားတတ်သည်။ တွေ့ရှိရသော လက္ခဏာများမှာ -

 

  • မျက်လုံးနီခြင်း
  • မျက်င်းခေါင်းအတွင်း အနည်းငယ် ကိုက်ခဲခြင်း
  • မျက်လုံးယားယံခြင်း သို့မဟုတ် မျက်လုံးအတွင်း အရာဝတ္ထုတစ်ခုခု ဝင်နေသကဲ့သို့ ခံစားရခြင်း
  • မျက်ရည်ကျခြင်း
  • မျက်ခွံရောင်ရမ်းခြင်း၊ မျက်ခွံအတွင်းပိုင်းတွင် အဖုသေးသေးလေးများ ပြန့်ကျဲတွေ့ရှိရခြင်း
  • ဘက်တီးရီးယား ပိုးဝင်ခြင်းပါ ဒွန်တွဲပါဝင်ပါက မျက်ချေးများပြားပြီး အိပ်ရာနိုးချိန်တွင် မျက်လုံးဖွင့်ရခက်ခဲခြင်း

 

မျက်လုံးနီရောဂါ၏ ကြာမြင့်ချိန်နှင့် အဆင့်များ

     ရောဂါဖြစ်ပွားချိန်မှာ ၂ ပတ်ခန့် ကြာမြင့်နိုင်သည်။ တွေ့ရှိရတတ်သော နောက်ဆက်တွဲ ပြဿနာမှာ မျက်လုံးနီခြင်း သက်သာစပြုချိန်တွင် ဗိုင်းရပ်စ်သည် မျက်ကြည်လွှာသို့ ပြန့်နှံ့သွားပြီး မျက်ကြည်လွှာရောင်ရမ်းကာ အမြင်အာရုံ ဝေဝါးခြင်း ဖြစ်ပေါ်နိုင်သည်။ စနစ်တကျ ကုသမှုမခံယူပါက အမြင်အာရုံဝေဝါးခြင်းမှာ ၁-၂ လအထိ ကြာမြင့်နိုင်သည်။

 

မျက်လုံးနီရောဂါကို ကုသခြင်း

  • မျက်စဉ်းခတ်ခြင်း - မပြင်းထန်သော လူနာများတွင် ၂ ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ ဆရာဝန်မှ ယားယံခြင်းကို လျှော့ချရန်နှင့် ဘက်တီးရီးယား ကူးစက်မှုကို ကာကွယ်ရန် ပိုးသတ်မျက်စဉ်း ခတ်ပေးရန် အကြံပြုပါလိမ့်မည်။
  • အကိုက်အခဲပျောက်ဆေး သောက်ခြင်း - မျက်လုံးကိုက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်းရှိပါက သောက်သုံးနိုင်သည်။
  • မျက်ချေးသုတ်ပေးခြင်း - မျက်ချေးများပါက ဂွမ်းဖတ်ကို ရေကျက်အေးဆွတ်၍ မျက်လုံးထောင့်မှ အပြင်ဘက်သို့ သုတ်ပေးပြီး အဖုံးပါသော အမှိုက်ပုံးအတွင်း စွန့်ပစ်ပါ။ မျက်ချေး ကျန်ရှိနေသေးပါက ဂွမ်းဖတ်အသစ်ဖြင့် ထပ်မံသုတ်ပေးပါ။ အခြားမျက်လုံးတစ်ဖက်ကို သုတ်မည်ဆိုပါက ဂွမ်းဖတ်အသစ်သို့ ပြောင်းသုံးပါ။ ပိုးများ ပိုမိုပြန့်နှံ့သွားနိုင်သဖြင့် ဂွမ်းဖတ်ကို ထပ်မံမသုံးရပါ။

 

 

မျက်လုံးနီရောဂါ

 

 

မျက်လုံးနီရောဂါကို ကာကွယ်ခြင်း

ယေဘုယျအားဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းခြင်းနှင့် ယားယံစေသော အရာများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်ပြီး အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါသည် -

 

  • မျက်နှာနှင့် မျက်လုံးဧရိယာကို မထိတွေ့မီ လက်ကို စင်ကြယ်စွာ ဆေးကြောပါ။
  • မျက်လုံးအတွင်း အညစ်အကြေးဝင်ပါက ရေသန့်ဖြင့် ဆေးကြောပါ။
  • အိမ်သို့ ပြန်ရောက်သောအခါ မျက်လုံးတစ်ဝိုက် မိတ်ကပ်များကို စင်ကြယ်စွာ ဆေးကြောပါ။
  • အခြားသူများနှင့် မျက်လုံးမိတ်ကပ်များ အတူသုံးခြင်းမှ ရှောင်ကြဉ်ပြီး မိတ်ကပ်များကို ၆ လတစ်ကြိမ် လဲလှယ်ပါ။
  • မျက်စိညောင်းညာခြင်း မဖြစ်စေရန် မျက်စိကို အလွန်အမင်း အသုံးပြုရသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
  • ကွန်တက်လင်း (Contact lens) ကို သတ်မှတ်ချိန်ထက် ပိုမိုမတပ်ဆင်ပါနှင့်၊ အခြားသူများနှင့် မျှဝေမသုံးစွဲပါနှင့်၊ ပုံမှန် စင်ကြယ်စွာ ဆေးကြောပါ။
  • မျက်နှာသုတ်ပုဝါ၊ တဘက်နှင့် ခေါင်းအုံးများကို အခြားသူများနှင့် မျှဝေမသုံးစွဲပါနှင့်။

မျက်လုံးနီခြင်းသည် မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပြီး အများအားဖြင့် မပြင်းထန်ဘဲ ၁-၂ ရက်အတွင်း အလိုအလျောက် သက်သာနိုင်ပါသည်။ သို့သော် ရောဂါလက္ခဏာများ ပြင်းထန်လာပါက သင့်တော်သော ကုသမှုခံယူရန် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။

 

 

ပြင်ဆင်သည့်ရက်စွဲ

 18/08/2022