ทพญ. สายสิน พิพิธสมบัติ
ทันตกรรมทั่วไป

သွားမှန်မှန်တိုက်ပြီး ခံတွင်းသန့်ရှင်းရေးကို သေချာဂရုစိုက်ပါလျက်နဲ့ ရုတ်တရက် သွားတုတ်တုတ်နဲ့ ကိုက်ခဲလာတာမျိုး ကြုံဖူးပါသလား။ လူအများစုက သွားကိုက်တာဟာ သွား (သို့) သွားဖုံး ပြဿနာကြောင့်ပဲလို့ ထင်တတ်ကြပေမယ့် ဒါဟာ အခြားကွယ်ဝှက်နေတဲ့ ရောဂါတစ်ခုခုရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။

သွားကိုက်ခြင်းကို ဖြစ်စေနိုင်သည့် ရောဂါများအနက် တစ်ခုမှာ ထိုင်းနပ်စ်ရောင်ရမ်းခြင်း ဖြစ်ပါသည်။ ဤရောဂါသည် မျက်လုံး၊ နှာခေါင်းနှင့် ပါးရိုးတစ်ဝိုက်ရှိ ထိုင်းနပ်စ်အခေါင်းပေါက်များ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်စေပါသည်။ အချို့အကြိမ်များတွင် ခေါင်းကိုက်ခြင်းနှင့် မျက်နှာတင်းကြပ်မှုသည် သွားကိုက်နေသကဲ့သို့ ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
အကြောင်းရင်းမရှိဘဲ သွားကိုက်ခဲပါက နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းစသည့် ထိုင်းနပ်စ်ရောင်သည့် လက္ခဏာများပါ တွဲဖက်ရှိမရှိ လေ့လာကြည့်ပါ။ ထိုလက္ခဏာများ ရှိနေပါက တိကျသော ရောဂါရှာဖွေမှုနှင့် မှန်ကန်သော ကုသမှုခံယူရန် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
သွားကိုက်ပါက အကြောင်းရင်းကို စစ်ဆေးရန် သွားဆရာဝန်နှင့် အရင်ဆုံး ပြသသင့်ပါသည်။ ခံတွင်းစစ်ဆေး၍ ပုံမှန်မဟုတ်သည်များကို မတွေ့ပါက သွားဆရာဝန်သည် ထိုင်းနပ်စ်ရောင်ရမ်းမှု ရှိမရှိ X-ray ရိုက်၍ စစ်ဆေးပေးပါမည်။ သွားကိုက်ခြင်းသည် ထိုင်းနပ်စ်ရောင်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိပါက အကောင်းဆုံး ကုသမှုမှာ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသ၍ ထိုင်းနပ်စ်ရောဂါကို ကုသရန်ဖြစ်ပြီး သွားကိုက်ခြင်းမှာလည်း တဖြည်းဖြည်း သက်သာကောင်းမွန်လာပါမည်။
ထိုင်းနပ်စ်ရောဂါနှင့် မှန်ပြောင်းကြည့်ခွဲစိတ်မှု Full House FESS အကြောင်း ပိုမိုလေ့လာရန် ဤနေရာတွင် နှိပ်ပါ >> https://goo.gl/d3CPqk