Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

လုပ်ငန်းနှင့် ဘဝ မျှတမှုမရှိခြင်း၏ လက္ခဏာ (၆) ချက်

October 14 / 2026

Work-life balance မရှိခြင်း

 

     အလုပ်နှင့် ပုဂ္ဂိုလ်ရေးဘဝအကြား မျှတစွာနေထိုင်ခြင်း (Work-life Balance) သည် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ အနားယူချိန်မရှိသည်အထိ အလုပ်ကြိုးစားလွန်းခြင်း သို့မဟုတ် ပုဂ္ဂိုလ်ရေးဘဝကို လျစ်လျူရှုထားခြင်းသည် ရေတိုရော ရေရှည်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ပတ်ဝန်းကျင်ရှိသူများနှင့် ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါသည်။

 

သင့်ထံတွင် Work-life Balance လိုအပ်နေကြောင်း ပြသနေသည့် လက္ခဏာ (၆) ချက်

1.  မိမိကိုယ်ကို ဂရုစိုက်ဖို့ အချိန်မရှိခြင်း 

     အချိန်အများစုကို အလုပ်မှာပဲ ကုန်လွန်စေပြီး မိမိကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေခြင်း၊ လေ့ကျင့်ခန်းလုပ်ရန်၊ အနားယူရန် သို့မဟုတ် နှစ်သက်သော အလုပ်များကို လုပ်ဆောင်ရန် အချိန်မရှိခြင်း၊ ပိတ်ရက်များတွင်ပင် ခရီးမသွားနိုင်ခြင်း၊ အမြန်အစားအစာ (Fast food) များကို မကြာခဏ စားသုံးခြင်းနှင့် ပိုဆိုးသည်မှာ ထမင်းစားရန်ပင် မေ့လျော့နေခြင်းတို့ ဖြစ်ပါသည်။

 

2.  အလုပ်များ လွန်ကဲနေခြင်း

     မပြီးသေးသော အလုပ်များစွာ ရှိနေပြီး အလုပ်အသစ်များ အမြဲတမ်း ဝင်ရောက်နေခြင်း၊ အရေးကြီးသော သို့မဟုတ် အရေးပေါ် အလုပ်များ မကြာခဏ ရှိနေပြီး အချိန်ဇယား မကိုက်ညီဘဲ အလုပ်ကြောင့် စိတ်ဖိစီးမှုများ ခံစားရခြင်း ဖြစ်ပါသည်။

 

3.  စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း 

     စိတ်ဖိစီးမှုများ စုပုံလာသောအခါ စိတ်ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိပြီး ဒေါသထွက်လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့်အတူ စိုးရိမ်ပူပန်မှုများ ပါဝင်လာပြီး စိတ်ဓာတ်ကျဆင်းမှုအထိ ဖြစ်ပေါ်စေနိုင်ပါသည်။

 

4.  အလုပ်ကို ငြီးငွေ့လာခြင်း

     အလုပ်လုပ်ချင်စိတ် ခွန်အားများ ပျောက်ဆုံးလာခြင်းသည် အလုပ်အလွန်အမင်း လုပ်ကိုင်ရခြင်းနှင့် အနားယူချိန် မလုံလောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ အလုပ်စွမ်းဆောင်ရည် ကျဆင်းလာပြီး မောပန်းနွမ်းနယ်မှုကို ခံစားရကာ ဒီအတိုင်း လွှတ်ထားပါက အလုပ်ကြောင့် စိတ်ကုန်ခမ်းသည့် ရောဂါလက္ခဏာ သို့မဟုတ် Burnout Syndromes အထိ ဖြစ်သွားနိုင်ပါသည်။

 

5.  မိမိကိုယ်ကို မတော်သေးဟု ထင်မှတ်ခြင်း

     အလုပ်ကို ကောင်းစွာ မလုပ်နိုင်မည်ကို စိုးရိမ်ခြင်း၊ မိမိကိုယ်ကို မတော်သေးဟု ထင်မြင်ခြင်းနှင့် အလုပ်အပေါ် အလွန်အမင်း စိတ်စွဲလမ်းနေခြင်းတို့ ဖြစ်ပါသည်။

 

6.  တထီးတည်း ဆိတ်သုတ်ဖြစ်သည်ဟု ခံစားရခြင်း

     အလုပ်တွင် အချိန်အများစု ကုန်လွန်စေသဖြင့် မိသားစု သို့မဟုတ် အပေါင်းအသင်းများနှင့် စကားပြောရန် အချိန်မရှိခြင်း၊ မည်သူနှင့်မျှ အချိန်အကြာကြီး စကားမပြောရခြင်းသည် အထီးကျန် ဆိတ်သုတ်မှုကို ခံစားရစေပြီးစိတ်ကျရောဂါ အထိ ဖြစ်ပွားစေနိုင်ပါသည်။ 

 

 

Work-life balance မရှိခြင်းWork-life balance မရှိခြင်းWork-life balance မရှိခြင်း

 

 

Work-life Balance လိုအပ်နေကြောင်း သိရှိသောအခါ မိမိကိုယ်ကို ဂရုစိုက်နည်းများ

  • အချိန်ကို သင့်တော်စွာ ခွဲဝေပါ- အလုပ်ချိန်နှင့် ပုဂ္ဂိုလ်ရေး အချိန်ကို ရှင်းလင်းစွာ ခွဲခြားပါ။ အလုပ်ခွင်တွင် ရှိနေချိန်၌ အလုပ်ပေါ်တွင်သာ စိတ်နှစ်ပြီး အပြည့်အဝ လုပ်ဆောင်ပါ၊ သို့သော် အိမ်သို့ ပြန်ရောက်သောအခါ အလုပ်ကိစ္စများကို လက်လွှတ်လိုက်ပြီး မိမိကိုယ်မိမိ အပြည့်အဝ အနားယူရန် အချိန်ပေးပါ။
  • လုံလောက်စွာ အနားယူပါ- အလုပ်ဆင်းချိန် ရောက်သောအခါ အလုပ်များကို အိမ်သို့ ယူမပြန်ပါနှင့်။ ဖုန်းကို ပိတ်ထားပြီး လုံလောက်စွာ အနားယူပါ၊ စိတ်ဖိစီးမှု လျှော့ချရန် နှစ်သက်သော လှုပ်ရှားမှုများကို ပြုလုပ်ပါ။
  • အလုပ်များ၏ ဦးစားပေးအဆင့်ကို သတ်မှတ်ပါ- မည်သည့်အလုပ်ကို အရင်အပ်ရမည်ကို စီစဉ်ပြီး အရေးကြီးသော အလုပ်များကို ပထမဦးစားပေး လုပ်ဆောင်ပါ။ ဦးစားပေးအဆင့် သတ်မှတ်ခြင်းသည် အလုပ်များ ပုံစံတင်ကျန်ရစ်ခြင်းကို လျှော့ချပေးပြီး အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေပါသည်။
  • မိမိကိုယ်ကို ပိုမို ဂရုစိုက်ပါ- လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ၊ လုံလောက်သော အနားယူချိန်ရရှိရန် အိပ်ချိန်ကို ပုံမှန်သတ်မှတ်ပါ၊ စိတ်ဖိစီးမှု ပြေပျောက်စေရန် ဝါသနာပါရာ အလုပ်များ သို့မဟုတ် မိမိကိုယ်ကို ပျော်ရွှင်စေမည့် အရာများကို ပြုလုပ်ပါ၊ ၎င်းသည် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကို အလုပ်လုပ်ရန်နှင့် နေထိုင်ရန် အဆင်သင့် ဖြစ်စေပါသည်။
  • အနားယူမည့်ရက်များကို ရှင်းလင်းစွာ သတ်မှတ်ပါ- ပတ်ဝန်းကျင်ရှိသူများနှင့် အချိန်ပိုမိုကုန်လွန်စေပါ၊ မိသားစုနှင့် အပေါင်းအသင်းများအတွက် အချိန်ပေးပါ။ စကားပြောဆိုခြင်း သို့မဟုတ် လှုပ်ရှားမှုများ အတူတကွ ပြုလုပ်ခြင်းသည် ဆက်ဆံရေးကို ကောင်းမွန်စေပြီး ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု သို့မဟုတ် သောကများကို လျှော့ချပေးနိုင်ပါသည်။
  • ငြင်းဆန်ရန် သင်ယူပြီး အကူအညီ တောင်းခံရန် ရဲဝံ့ပါ- လုပ်ငန်းခွင်ကမ္ဘာတွင် အပြန်အလှန် မှီခိုရန် လိုအပ်ပါသည်။ မပြီးသေးသော အလုပ်များ လွန်ကဲနေပြီး အချိန်မီ မလုပ်ဆောင်နိုင်ပါက လုပ်ဖော်ကိုင်ဖက်များထံမှ အကူအညီတောင်းခံခြင်းသည် မှားယွင်းသောအရာ မဟုတ်ပါ၊ ထို့အတူ အခြားသူများက ကူညီရန် တောင်းဆိုသော်လည်း မအားလပ်ပါကလည်း ငြင်းဆန်နိုင်ပါသည်။

 

 

Work-life balance သည် အလွန်အရေးကြီးပါသည်၊ အကြောင်းမှာ ဘဝသည် အလုပ်လုပ်ရန် သက်သက်မဟုတ်ဘဲ အခြားသော ဦးစားပေးရမည့် အရာများစွာ ရှိနေသေးသောကြောင့် ဖြစ်ပါသည်။ သင့်ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် အမူအကျင့်များကို ပြုပြင်ပြီး အလုပ်နှင့် ပုဂ္ဂိုလ်ရေးဘဝအကြား မျှတမှုကို ရှာဖွေကြည့်ပါ။