ผศ.นพ. ธวัชชัย จริยะเศรษฐพงศ์
อายุรแพทย์โรคติดเชื้อ

ဇီကာ ဗိုင်းရပ်စ် ရောဂါ (Zika Fever) သည် ခြင်ကျားမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားပါသည်။ ပုံမှန်အားဖြင့် လက္ခဏာများ မပြင်းထန်ဘဲ 2-7 ရက်အတွင်း ပြန်လည်သက်သာလာတတ်ပါသည်၊ ကိုယ်ဝန်ဆောင်မိခင်များမှအပ ကိုယ်ဝန်ဆောင်များတွင် ကူးစက်ပါက မွေးဖွားလာသော ကလေးငယ်၌ ဦးခေါင်းသေးငယ်သည့် ရောဂါ (Microcephaly) သို့မဟုတ် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားစေနိုင်ပါသည်။
ဇီကာဗိုင်းရပ်စ် ရောဂါသည် ပိုးရှိသော ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပါသည်။ ကူးစက်ခံရပြီးနောက် ရောဂါပျိုးကာလမှာ 3-12 ရက်ဖြစ်ပါသည်။ လူနာများတွင် ခေါင်းကိုက်ခြင်း၊ မျက်စိကြောရောင်ခြင်း၊ မျက်စိနီခြင်း၊ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အနီကွက်များထခြင်း၊ အဆစ်အမြစ်များနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးရုံသို့မလာရောက်မီ 2-7 ရက်ခန့်က အနီကွက်ထခြင်း၊ ဖျားခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်အမြစ်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိနီခြင်းများ ဖြစ်ပေါ်ပါက ဇီကာဗိုင်းရပ်စ် စစ်ဆေးသိရှိနိုင်ရေးအတွက် ဆရာဝန် သို့မဟုတ် သနာပြုဆရာမအား ချက်ချင်းအကြောင်းကြားပါရန်။
လက်ရှိတွင် ကာကွယ်ဆေး သို့မဟုတ် တိကျသော သီးသန့်ကုသဆေး မရှိသေးပါ။ အများအားဖြင့် လက္ခဏာများ မပြင်းထန်ဘဲ၊ ဆရာဝန်မှ လက္ခဏာများအတိုင်း သက်သာအောင် ကုသပေးမည်ဖြစ်ပြီး အောက်ပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမည်-

ရောဂါကူးစက်ပြန့်ပွားနေသော ဒေသများသို့ ခရီးသွားရောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ သွားရောက်ရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ခြင်ကိုက်မခံရအောင် အထူးဂရုစိုက် ကာကွယ်သင့်ပါသည်။