PAKA SARTITPITAKUL, M.D.
Dermatology

အမျိုးသားအင်္ဂါ အရေပြားမာရောဂါ (Lichen sclerosus) သည် အမျိုးသားအင်္ဂါ ထိပ်ဖူး သို့မဟုတ် ထိပ်ဖူးဖုံးအရေပြားပေါ်တွင် အဖြူရောင် အဖုအပိန့် မာမာများအဖြစ် တွေ့ရှိရတတ်ပါသည်။ အလိုအလျောက် ဖြစ်ပေါ်နိုင်သလို ဒဏ်ရာ ရရှိပြီးနောက်ပိုင်းတွင်လည်း ဖြစ်ပွားနိုင်သည်။ အဆိုပါနေရာရှိ အရေပြားသည် အခြားနေရာများထက် ပိုမိုမာကျောနေပြီး နာကျင်ခြင်း သို့မဟုတ် ယားယံခြင်းများ ယှဉ်တွဲဖြစ်ပေါ်နိုင်သည်။ ထိပ်ဖူးဖုံးအရေပြားတွင် ဖြစ်ပွားပါက အရေပြားကျဉ်းမြောင်းသွားပြီး နောက်သို့ လှန်၍မရတော့ဘဲ ပိတ်မိသွားနိုင်သည်။ ကြာရှည်စွာ ပိတ်မိနေပါက အင်္ဂါထိပ်ဖျားသို့ သွေးလှည့်ပတ်မှု မရှိတော့ဘဲ ထိခိုက်နိုင်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးသင့်ပါသည်။
ဤရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက အရေပြားကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သဖြင့် ရောဂါရှာဖွေကုသမှုခံယူရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ကျွန်ုပ်တို့တွင် အမျိုးသားများ၏ လျှို့ဝှက်နေရာများရှိ အရေပြားပြဿနာများကို ကျွမ်းကျင်စွာ ကုသပေးနိုင်သော အမျိုးသား အရေပြားအထူးကုဆရာဝန်များ ရှိပါသည်။ လျှို့ဝှက်ချက်လုံခြုံမှု အပြည့်ရှိသော ဆေးစစ်ခန်းအတွင်း စစ်ဆေးပေးမည်ဖြစ်ပြီး အချက်အလက်နှင့် ကုသမှုများအားလုံးကို လျှို့ဝှက်ထားရှိပေးမည်ဖြစ်၍ စိတ်ချယုံကြည်စွာ လာရောက်တိုင်ပင်နိုင်ပါသည်။
ရှက်ရွံ့မှုကြောင့် သင့်ကျန်းမာရေးကို မထိခိုက်ပါစေနှင့်။ အရေပြားပြဿနာများကို ပစ်ထားပါက ပိုမိုဆိုးရွားလာပြီး ကုသရန် ခက်ခဲသွားနိုင်ပါသည်။ ဆရာဝန်နှင့် စောစီးစွာ ပြသခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး ပြုစုစောင့်ရှောက်ခြင်း ဖြစ်ပါသည်။