WIRONGRONG CHARUENPONG, M.D.
Hematologist

"သဲလက်ဆီးမီးယား (Thalassemia)" ဆိုသည်မှာ သွေးနီဥ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါတစ်မျိုး ဖြစ်ပြီး သွေးနီဥများ၏ သက်တမ်းကို တိုတောင်းစေကာ ပျက်စီးလွယ်၊ ကျိုးပဲ့လွယ်စေပါသည်။ ၎င်းသည် သွေးနီဥအတွင်းရှိ အဓိကဒြပ်ပစ္စည်းဖြစ်သော ဟီမိုဂလိုဘင် ထုတ်လုပ်မှုကို ထိန်းချုပ်သည့် မျိုးဗီဇ ပုံမှန်မဟုတ်ခြင်းကြောင့် မိဘထံမှ သားသမီးသို့ မျိုးရိုးဗီဇ (Recessive gene) မှတစ်ဆင့် လက်ဆင့်ကမ်း ပါလာသော ရောဂါဖြစ်ပါသည်။
စာရင်းဇယားများအရ ထိုင်းလူမျိုးများအနက် မျိုးဗီဇပုံမှန်မဟုတ်သူ ၂၄ သန်းခန့် သို့မဟုတ် ၄၀% ခန့် ရှိကြောင်း တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အတွင်း ထိုသို့ ပုံမှန်မဟုတ်သော မျိုးဗီဇ ပါရှိသော်လည်း ရောဂါလက္ခဏာ မပြသူများကို "ရောဂါပိုးသယ်ဆောင်သူ (Carrier)" ဟုခေါ်ပြီး အများစုမှာ မိမိတို့တွင် ရောဂါပိုး သယ်ဆောင်ထားမှန်း မသိကြပါ။ သဲလက်ဆီးမီးယား ရောဂါ အမှန်တကယ် ခံစားနေရသူပေါင်းမှာ ၆၀၀,၀၀၀ ဦးခန့် သို့မဟုတ် ၁% ခန့် ရှိပါသည်။


သဲလက်ဆီးမီးယား ရောဂါပိုးသယ်ဆောင်သူများသည် အဖေ သို့မဟုတ် အမေ တစ်ဦးဦးထံမှသာ ပုံမှန်မဟုတ်သော မျိုးဗီဇကို ရရှိထားသူများ ဖြစ်ကြပါသည်။ ရောဂါပိုးသယ်ဆောင်သူများသည် သာမန်လူများကဲ့သို့ပင် ကျန်းမာရေးကောင်းမွန်ကြသော်လည်း (သဲလက်ဆီးမီးယား ငုပ်လျှိုးနေသူဟုလည်း ခေါ်သည်) မိမိ၏ သားသမီးထံသို့ ပုံမှန်မဟုတ်သော မျိုးဗီဇကို လက်ဆင့်ကမ်း လက်ခံစေနိုင်ပါသည်။



သဲလက်ဆီးမီးယား လူနာများ၏ ရောဂါလက္ခဏာများသည် မိမိတွင် ဖြစ်ပွားနေသော သဲလက်ဆီးမီးယား အမျိုးအစားပေါ် မူတည်၍ အမျိုးမျိုး ကွဲပြားခြားနားမှု ရှိပါသည်၊၊
သဲလက်ဆီးမီးယား ရောဂါအား စိစစ်ရှာဖွေခြင်း
သဲလက်ဆီးမီးယား ရောဂါသည်များသည် ခန္ဓာကိုယ်အတွင်း ပုံမှန်ထက် သံဓာတ်ပိုမို စုဝေးနေတတ်သဖြင့် နှလုံးကို ထိခိုက်စေကာ နှလုံးပျက်စီးခြင်း၊ အသည်းကို ထိခိုက်စေကာ အသည်းခြောက်ခြင်း၊ မုန့်ချိုအိတ် ထိခိုက်ပြီး ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်သောကြောင့် သံဓာတ်လွန်ကဲမှုကို စစ်ဆေးရန် လိုအပ်ပါသည်။
သဲလက်ဆီးမီးယား ရောဂါကို ကိုယ်ဝန်မဆောင်မီကပင် မျိုးဗီဇငုပ်လျှိုးနေသူများကို စိစစ်ရှာဖွေခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကလေးယူရန် ဆန္ဒရှိသော ဇနီးမောင်နှံများသည် ကလေးမယူမီ ကြိုတင်ပြင်ဆင်မှုပြုလုပ်နိုင်ရန် မိမိတို့တွင် ငုပ်လျှိုးနေနိုင်သော အခြေအနေများကို စစ်ဆေးသင့်ပါသည်။
“သဲလက်ဆီးမီးယား” ကို ကိုယ်ဝန်မဆောင်မီကပင် မျိုးဗီဇငုပ်လျှိုးနေသူများကို စိစစ်ရှာဖွေခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကလေးယူလိုသော ဇနီးမောင်နှံများသည် ကလေးမယူမီ ပြင်ဆင်နိုင်ရန် မိမိတို့တွင် ငုပ်လျှိုးနေသော အခြေအနေများကို စစ်ဆေးသင့်ပါသည်။