THITINAN TANSATHIT, M.D.
Obstertrics and Gynaecology Maternal Fetal Medicine

4D အာထရာဆောင်း ရိုက်ကူးခြင်းသည် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ပုံမှန်မဟုတ်မှုများကို စောင့်ကြည့်စစ်ဆေးရာတွင် အလွန်အသုံးဝင်ပါသည်။ ထို့အပြင် သန္ဓေသား၏ သွေးကြောအချို့နှင့် သားအိမ်သို့ သွားသော သွေးကြောများကို စစ်ဆေးကြည့်ရှုနိုင်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်ပါသည်။
သားအိမ်အတွင်း၌ သန္ဓေအိတ်ငယ်လေးကို အနက်ရောင်အဝိုင်းလေးအဖြစ် စတင်မြင်တွေ့ရသော်လည်း မျက်နှာပုံစံကို ရှင်းလင်းစွာ မမြင်ရသေးပါ။
သန္ဓေသားသည် သန္ဓေအိတ်အတွင်း၌ ရှိနေပြီး ကလေး၏ နှလုံးခုန်သံကို စတင်မြင်တွေ့နိုင်သည်။ ထို့အပြင် ဆရာဝန်မှ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ဟုတ်မဟုတ်ပါ ပူးတွဲစစ်ဆေးပေးမည်ဖြစ်သည်။
သန္ဓေသား ပိုမိုကြီးထွားလာသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး သန္ဓေသားအနီးတွင် အနှစ်အိတ် (Yolk sac) ကိုလည်း တွေ့မြင်နိုင်သည်။
ဤအဆင့်တွင် သန္ဓေသားကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ဦးခေါင်း၊ ခန္ဓာကိုယ်၊ လက်နှင့် ခြေထောက်များကို သီးခြားစီ ခွဲခြားကြည့်ရှုနိုင်သည်။ အထူးကုဆရာဝန်မှ ကလေး၏ လည်ပင်းအနောက်ဘက် အမျှင်တစ်ရှူးအထူ၊ နှာခေါင်းအရိုး၊ ကျောရိုး၊ အစာအိမ်၊ ဆီးအိမ်နှင့် ဝမ်းဗိုက်နံရံ ပိတ်မပိတ်တို့ကို စစ်ဆေးပေးမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆိပ်တက်ခြင်း ကဲ့သို့သော အခြားဖြစ်နိုင်ခြေများကိုလည်း စစ်ဆေးပေးနိုင်သည်။

သန္ဓေသား ကြီးထွားလာသည်နှင့်အမျှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုမိုထင်ရှားစွာ မြင်တွေ့ရသည်။ ထို့ကြောင့် ဤကိုယ်ဝန်သက်တမ်းသည် ကလေး၏ ပုံမှန်မဟုတ်မှုများကို စစ်ဆေးရန် အသင့်တော်ဆုံးဖြစ်သည်။ ဤအဆင့်တွင် ခန္ဓာကိုယ်အစိတ်အပိုင်း ပုံမှန်မဟုတ်မှုနီးပါးအားလုံးကို (ဝမ်းဗိုက်နံရံထူခြင်း သို့မဟုတ် ကလေး၏ အနေအထားကန့်သတ်ချက်များမရှိပါက) စစ်ဆေးနိုင်သည့်အပြင် ကျား/မ ခွဲခြားခြင်းနှင့် နှလုံးပုံမှန်မဟုတ်မှုများကိုပါ စစ်ဆေးနိုင်သည်။ ထို့အပြင် အချင်းနိမ့်ခြင်း ရှိမရှိ အချင်းတည်နေရာကိုလည်း စစ်ဆေးသင့်ပါသည်။
သန္ဓေသားသည် အဆီများကို ပိုမိုစုဆောင်းလာပြီး လျှင်မြန်စွာ ကြီးထွားလာသည်။ မိဘများအနေဖြင့် 4D အာထရာဆောင်း ရုပ်ပုံများကို ကြည့်ရှုလိုပါက ကိုယ်ဝန်သက်တမ်း 26 - 32 သီတင်းပတ်သည် ကလေး၏ ချစ်စရာပုံရိပ်များကို မြင်တွေ့နိုင်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ရေမြွှာရည်ပမာဏလည်း အာထရာဆောင်းရိုက်ရန် အသင့်တော်ဆုံးဖြစ်ပါသည်။
ဤကိုယ်ဝန်သက်တမ်းသည် နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော ကြီးထွားမှုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ပုံမှန်မဟုတ်မှုများ (ဥပမာ - ရင်ဝမ်းခြားကြွက်သား ပေါက်ခြင်း၊ အဆုတ်ရေအိတ်တည်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း သို့မဟုတ် အူပိတ်ခြင်း စသည်) ကို စောင့်ကြည့်စစ်ဆေးရာတွင်လည်း အသုံးဝင်ပါသည်။
အာထရာဆောင်း ရိုက်ကူးခြင်းသည် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဖြစ်ပေါ်လာနိုင်သော ပုံမှန်မဟုတ်မှုများကို စောင့်ကြည့်စစ်ဆေးရာတွင် အလွန်အသုံးဝင်ပါသည်။
နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ
22/07/2020