Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

မျက်စိခွဲစိတ်ပြီးနောက် လိုက်နာရမည့် အချက်များ

October 08 / 2026

မျက်စိခွဲစိတ်ပြီးနောက် လိုက်နာရမည့် အချက်များ

 

မျက်စိခွဲစိတ်ပြီးနောက် အိမ်တွင် လိုက်နာရမည့် အချက်များ

  • ဆွေမျိုး သို့မဟုတ် ပြုစုစောင့်ရှောက်သူမှ ခွဲစိတ်ထားသော မျက်စိကို နံနက်ပိုင်းတွင် တစ်နေ့လျှင် ၁ ကြိမ် မျက်စိသန့်ရှင်းရေး လုပ်နည်းအတိုင်း သုတ်ပေးပါ။ မျက်စိသန့်ရှင်းရေးလုပ်နေစဉ် ဖုန်မှုန့်များနှင့် ပိုးမွှားများ မျက်စိထဲ မဝင်စေရန် တံမြက်စည်းလှည်းခြင်း သို့မဟုတ် ပန်ကာဖွင့်ခြင်းတို့ မပြုလုပ်ရပါ။
  • ဆွေမျိုး သို့မဟုတ် ပြုစုစောင့်ရှောက်သူမှ ဆေးအညွှန်းတွင် ဖော်ပြထားသော အချိန်အတိုင်း မျက်စဉ်းခတ်ပေးပါ။
  • ရေချိုးသည့်အခါ မျက်စိထဲ ရေမဝင်စေရန် သတိပြုပါ။ ဦးခေါင်းပေါ်သို့ ရေမလောင်းရပါ၊ လည်ပင်းအောက်ပိုင်းမှစ၍ ရေချိုးပါ။ ခွဲစိတ်ပြီး ၂ ပတ်မှ ၄ ပတ်အထိ ရေကူးခြင်း မပြုလုပ်ရပါ။
  • မျက်နှာကို ရေဖြင့် မသစ်ရပါ။ သန့်ရှင်းသော အဝတ်စို ပုဝါဖြင့် မျက်နှာကို ခွဲစိတ်ပြီး ၂ ပတ်မှ ၄ ပတ်အထိ သာသာယာယာ သုတ်ပေးပါ။
  • အိမ်သို့ ပြန်ရောက်ပါက ခေါင်းလျှော်နိုင်သော်လည်း မိမိကိုယ်တိုင် မလျှော်ရပါ။ အခြားသူတစ်ဦးမှ လျှောက်ပေးရမည်ဖြစ်ပြီး မျက်စိထဲ ရေမဝင်စေရန် သတိပြု၍ ခွဲစိတ်ပြီး ၂ ပတ်မှ ၄ ပတ်အထိ မျက်စိကို ထိခိုက်လှုပ်ရှားမှု မရှိစေရန် ဖြည်းဖြည်းချင်း လျှော်ပေးရမည်။
  • မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် မသိစိတ်မှ မျက်စိပွတ်မိခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ညဘက်တွင် မျက်စိကာအုပ် (Eye Shield) အုပ်ထားပါ။
  • ဖုန်မှုန့်များ မျက်စိထဲ မဝင်စေရန် သတိပြုပါ။ ဒဏ်ရာပွင့်ခြင်းနှင့် ပိုးဝင်ခြင်းမှ ကာကွယ်ရန် မျက်စိကို ပွတ်ခြင်း သို့မဟုတ် မည်သည့် အဝတ်စဖြင့်မျှ သုတ်ခြင်း မပြုလုပ်ရပါ။
  • သွားတိုက်နိုင်သော်လည်း ပျို့အန်ခြင်း မဖြစ်စေရန် သတိပြုပါ။
  • ၁ လကြာသည်အထိ ပင်ပန်းသော အလုပ်များ လုပ်ခြင်း၊ အလေးအပင် မခြင်း သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း မပြုရပါ။
  • မာသော၊ စီးသော၊ ဝါးရခက်သော အစားအစာများ (ဥပမာ- အသားခြောက်) နှင့် နှာချေ၊ ချောင်းဆိုးစေနိုင်သော စပ်ပူစပ်စပ် အမွှေးအကြိုင် ပါသော အစားအစာများမှအပ ပုံမှန် အစားအစာများကို စားသုံးနိုင်ပါသည်။ ပြင်းထန်စွာ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း မပြုလုပ်ရပါ (မဖြစ်မနေ လိုအပ်ပါက ဒဏ်ရာပွင့်ခြင်း သို့မဟုတ် မျက်စိဖိအား မြင့်တက်လာနိုင်သဖြင့် အပြည့်အဝ မထုတ်ရန် ကြိုးစားပါ)။
  • ခွဲစိတ်ဒဏ်ရာနှင့် မျက်စိအတွင်း ပုံမှန်မဟုတ်သော လက္ခဏာများ ရှိမရှိ စစ်ဆေးရန် ရက်ချိန်းစာရွက်အတိုင်း ဆရာဝန်နှင့် မပျက်မကွက် ပြသပါ။
  • မျက်စိအပြင်းအထန် နာကျင်ခြင်း (အကိုက်အခဲပျောက်ဆေး သောက်သော်လည်း မသက်သာခြင်း)၊ မျက်စိပိုမိုနီရဲလာခြင်း၊ အမြင်အာရုံ ပိုမိုဝေဝါးလာခြင်း သို့မဟုတ် ဖျားခြင်း၊ အန်ခြင်း၊ မျက်ချေးများခြင်းစသည့် ပုံမှန်မဟုတ်သော လက္ခဏာများ ရှိပါက ဆရာဝန်နှင့် ချက်ချင်း ပြသရမည်။

 



ဆေးရုံမှ ပြင်ဆင်ပေးသော ပစ္စည်းများ

  • မျက်စိသန့်ရှင်းရေးဆေးရည် ၁ ပုလင်း
  • သန့်ရှင်းသော ဂွမ်းလုံးများ
  • မျက်စိကာအုပ်နှင့် မျက်စိပတ်တီးအုပ်စ
  • ပလာစတာ
  • မျက်စဉ်းဆေး

 

 

မျက်စိခွဲစိတ်ပြီးနောက် လိုက်နာရန်

 


ထပ်မံပြင်ဆင်ရမည့် ပစ္စည်းများ

  • လက်သုတ်ရန် ပြင်ဆင်ထားသော သန့်ရှင်းသော အဝတ်စ
  • အသုံးပြုပြီးသော ဂွမ်းများ စွန့်ပစ်ရန် ခွက် သို့မဟုတ် ပလတ်စတစ်အိတ်

 

မျက်စိ သန့်ရှင်းရေးလုပ်နည်း

  • အထက်ပါ ပစ္စည်းများကို စုံလင်စွာ ပြင်ဆင်၍ လူနာအနီးတွင် တင်ထားပါ။ ပလာစတာကို ကြိုတင်ဖြတ်ထားပါ။
  • လူနာကို ပက်လက်လှန် အနေအထား ပြင်ပေးပါ။ ပတ်တီးဟောင်းကို စွန့်ပစ်ပါ (ရှိပါက)၊ မျက်စိကာအုပ်ဟောင်းကို သန့်ရှင်းရေးလုပ်နည်းအတိုင်း ဆေးကြောပါ။
  • မျက်စိသန့်ရှင်းရေး လုပ်ပေးမည့်သူသည် လက်ကို ဆပ်ပြာနှင့် ရေသန့်ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ပြင်ဆင်ထားသော အဝတ်သန့်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။
  • ဂွမ်းလုံး ၄ လုံးခန့်ကို လက်ဝါးတွင် တင်၍ ဆေးရည်ကို ဂွမ်းပေါ်သို့ စိုစွတ်ရုံမျှ လောင်းထည့်ပါ။
    • ၁ လုံးမြောက် ဂွမ်းကို ယူ၍ ပြားအောင် ညှစ်ပါ၊ လူနာအား မျက်စိမှိတ်ခိုင်းပြီး အထက်မျက်ခွံကို မျက်စိထောင့်မှ အပြင်ထောင့်သို့ သာသာယာယာ သုတ်ပေးပါ။
    • ၂ လုံးမြောက် ဂွမ်းကို ယူ၍ ပြားအောင် ညှစ်ပါ၊ မျက်စိမှိတ်ထားစဉ် အောက်မျက်ခွံ အနားကို သုတ်ပေးပြီး သန့်ရှင်းမှု ရှိမရှိ ကြည့်ပါ။
    • ၃ လုံးမြောက် ဂွမ်းဖြင့် မျက်စိအတွင်းထောင့် ဧရိယာကို မျက်ခုံးအစမှ နှာခေါင်းရိုးဘေးအတိုင်း အောက်သို့ သန့်ရှင်းအောင် သုတ်ပေးပါ (ပုံတွင် ပြထားသည့်အတိုင်း)။
    • ၄ လုံးမြောက် ဂွမ်းကို မျက်စဉ်းခတ်ပြီးနောက် မျက်စိမှ လျှံထွက်လာသော ဆေးများကို သုတ်ရန် အသုံးပြုပါ။ သုတ်စဉ် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် မသုတ်ရပါ။ မျက်စဉ်းခတ်ရန် ရှိပါက မျက်စဉ်းခတ်နည်းအတိုင်း မျက်စိမပိတ်မီ ခတ်ပေးပါ။

 

  • လူနာအား မျက်စိမှိတ်ခိုင်းပြီး ပတ်တီးအုပ်စကို မျက်စိပေါ်တွင် အုပ်၍ မျက်စိကာအုပ် တပ်ပေးပါ။

 

မှတ်ချက်- 4.1-4.2 သန့်ရှင်းမှု မရှိသေးပါက နောက်တစ်ကြိမ် ထပ်မံသုတ်ပေးပါ။

 

မျက်စဉ်းခတ်နည်းနှင့် မျက်စဉ်းကရီးမ် သုတ်နည်း

  • လက်ကို စင်ကြယ်စွာ ဆေးကြောပြီး အဝတ်သန့်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။
  • လူနာအား မော့ထိုင်ခိုင်းပါ သို့မဟုတ် ပက်လက်လှန် အိပ်ခိုင်းပါ။
  • လက်သူကြွယ်ကို ပါးရိုးပေါ်တွင် တင်၍ အောက်မျက်ခွံကို ဆွဲချပါ၊ လူနာအား အထက်သို့ ကြည့်ခိုင်းပြီး မျက်နက်ဝန်းကို မထိစေဘဲ အောက်မျက်အိတ်အတွင်းသို့ ဆေးခတ်ပေးပါ။ ဆေးဘူးထိပ်ဖျားကို မျက်လုံးမှ ၁ လက်မခန့် အကွာတွင် ထားပါ၊ ထိပ်ဖျားဖြင့် မျက်လုံးကို မထိုးမိစေရန် သတိပြုပါ။
  • လူနာအား မျက်စိကို သာသာယာယာ မှိတ်ခိုင်းပါ၊ ပြင်းထန်စွာ မညှစ်ရပါ၊ လျှံထွက်လာသော ဆေးရည်များကို ဂွမ်းဖြင့် သုတ်ပေးပါ။
  • ဆေး ၂ မျိုးကို တစ်ချိန်တည်း သုံးရန် လိုအပ်ပါက ဆေးတစ်မျိုးနှင့်တစ်မျိုး အာနိသင် ပျက်ပြယ်ခြင်းနှင့် လျှံထွက်ခြင်းမှ ကာကွယ်ရန် ၅ မိနစ်မှ ၁၀ မိနစ်ခန့် ခြား၍ ခတ်ပေးရပါမည်။
  • မျက်စဉ်းရည်နှင့် မျက်စဉ်းကရီးမ် နှစ်မျိုးလုံး တစ်ချိန်တည်း သုံးပါက မျက်စဉ်းရည်ကို အရင်ခတ်ပါ၊ ထို့နောက် ၅ မိနစ်မှ ၁၀ မိနစ်ခန့် ခြားပြီးမှ မျက်စဉ်းကရီးမ် ထည့်ပါ။
  • မျက်စဉ်းကရီးမ် ထည့်ရာတွင် အောက်မျက်ခွံကို ဆွဲချ၍ အတွင်းထောင့်မှ အပြင်ထောင့်သို့ အရှည် ဝ.၅ စင်တီမီတာခန့် မျက်အိတ်အတွင်းသို့ ညှစ်ထည့်ပါ။ ဆေးဘူးထိပ်ဖျား မျက်လုံးနှင့် မထိစေရန် သတိပြုပြီး လူနာအား မျက်စိမှိတ်ခိုင်းပါ။
  • အဖြူရောင် အနိမ့်ကျကျန်သော အနောက်မျိုး (Suspension) မျက်စဉ်းရည်များကို မခတ်မီ အမြဲတမ်း လှုပ်ခါပေးရပါမည်။

 

 

 

 

မျက်စိကာအုပ် သန့်ရှင်းရေးလုပ်နည်း (နေ့စဉ် သန့်ရှင်းရေးလုပ်သင့်သည်)

  • ဖြုတ်ထားသော မျက်စိကာအုပ်ကို ဆပ်ပြာရည် သို့မဟုတ် အဝတ်လျှော်မှုန့်ဖြင့် သန့်စင်အောင် ဆေးကြောပါ။
  • ရေသန့်ဖြင့် ပြန်လည်ဆေးကြော၍ ခြောက်ေ့အောင် ထားပြီး နောက်တစ်နေ့ သန့်ရှင်းရေးလုပ်ရန် သန့်ရှင်းသော ဘူးတွင် သိမ်းဆည်းပါ။