SUCHART THREETHIPTHIKOON, M.D.
Psychiatry

ဘိုင်ပိုလာရောဂါ (Bipolar disorder) ဆိုသည်မှာ စိတ်ခံစားချက် အလွန်အမင်း ပြောင်းလဲတတ်သည့် စိတ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပြီး၊ ပုံမှန်ထက် ပိုမိုတက်ကြွခြင်း (Mania သို့မဟုတ် Hypomania) နှင့် စိတ်ကျရောဂါ ခံစားရခြင်းတို့ အလှည့်ကျဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ပြောင်းလဲခြင်းသည် ပြင်ပအခြေအနေများနှင့် ဆက်စပ်မှုမရှိဘဲ ဖြစ်ပေါ်တတ်သည်။ အချို့သော ဝေဒနာရှင်များသည် ငွေကြေးသုံးစွဲမှု လွန်ကဲခြင်းကဲ့သို့သော စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်မှုများ ရှိနိုင်ပြီး၊ အချို့တွင် စိတ်တက်ကြွသည့် လက္ခဏာ သို့မဟုတ် စိတ်ကျသည့် လက္ခဏာ တစ်ခုတည်း သို့မဟုတ် နှစ်မျိုးလုံး ယှဉ်တွဲ၍ ပေါ်ပေါက်နိုင်သည်။
ဘိုင်ပိုလာရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သော်လည်း ပဓာနကျသော အကြောင်းရင်းမှာ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ မညီမျှခြင်းကြောင့် ဖြစ်သည်။ အဓိက နျူရိုထရန်စမီတာ (Neurotransmitters) သုံးမျိုးဖြစ်သည့် Norepinephrine၊ Serotonin နှင့် Dopamine တို့ ညီမျှမှုမရှိသည့်အခါ စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်ပေါ်စေသည်။