
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ရှိ ကမ္ဘာ့အပူချိန်မြင့်မားမှု အခြေအနေ ကုန်ဆုံးသွားပြီး “ကမ္ဘာ့အပူလွန်ကဲမှု” ခေတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက် သတင်းကြောင့် လူအများအပြား စိုးရိမ်တုန်လှုပ်နေကြပေမည်။ အမှန်တကယ်တွင်မူ ထိုအပူလွန်ကဲမှု အခြေအနေသည် ကျွန်ုပ်တို့ မရိပ်မိလိုက်မီ အချိန်ကတည်းက တဖြည်းဖြည်း ချဉ်းကပ် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အလွန်အမင်း ပူပြင်းသည့် ရာသီဥတုသည် ကျန်းမာရေး အပါအဝင် ကဏ္ဍအသီးသီး၌ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် အပူကြောင့် ဖြစ်ပွားသော ရောဂါများ ဖြစ်လွယ်သည့် ရောဂါရလွယ်သူ အုပ်စုများမှာ -
ဆက်လက်ဖတ်ရှုရန် : ဒီနွေရာသီမှာ သတိထားပါ! အပူဒဏ်ကြောင့် မူးမေ့လဲခြင်း (Heat stroke) ရောဂါလက္ခဏာများကို သိရှိပါ

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ကမ္ဘာတစ်ဝှမ်းမှ စာရင်းဇယားများအရ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၏ အပူဒဏ်ကြောင့် သေဆုံးမှုနှုန်းသည် ၃ ပုံ ၂ ပုံခန့် တိုးတက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဥရောပတစ်ခုတည်း၌ပင် အလွန်အမင်း ပူပြင်းသည့် အပူချိန်ကြောင့် သေဆုံးသူ ၆၀,၀၀၀ ကျော်ရှိခဲ့သည်။
ကမ္ဘာ့အပူချိန် မြင့်မားမှု ဖြစ်ပေါ်နေပြီး ကျွန်ုပ်တို့အနေဖြင့် များစွာ မထိန်းချုပ်နိုင် သို့မဟုတ် မပြောင်းလဲနိုင်သောကြောင့် အောက်ပါအတိုင်း မိမိကိုယ်ကို စောင့်ရှောက်နိုင်ပါသည် -



ပတ်ဝန်းကျင် သို့မဟုတ် ရာသီဥတုသည် မည်မျှပင် ခဏခဏ ပြောင်းလဲနေပါစေ၊ အလွန်အမင်း ပူပြင်းသည့် ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ကာကွယ်နိုင်ရန် မိမိကျန်းမာရေးကို သန်မာနေစေရန် အစဉ်အမြဲ ဂရုစိုက်ရပါမည်။