นพ. พีรธัช โชคมั่งมีพิศาล
กุมารแพทย์ด้านประสาทวิทยา

ငလျင်လှုပ်ခါနေစဉ်အတွင်း မြေပြင်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်၏ ဟန်ချက်ထိန်းစနစ် (Vestibular system) ကို သက်ရောက်မှုရှိပြီး ခေါင်းမူးခြင်း သို့မဟုတ် ဟန်ချက်ပျက်ခြင်းများကို ခံစားရနိုင်ပါသည်။ နားအတွင်းပိုင်း၌ တည်ရှိသော ထိုစနစ် ထိခိုက်ရုန်းကန်ရသည့်အခါ ခန္ဓာကိုယ်မှ ခံစားသိရှိမှုနှင့် မျက်စိမှ မြင်တွေ့ရမှုတို့ မကိုက်ညီဘဲ မျက်စိလည်လမ်းမှား ဖြစ်စေနိုင်ပါသည်။

နားအတွင်းပိုင်းတွင် ဟန်ချက်ထိန်းပေးသည့် အစိတ်အပိုင်းများ ပါရှိသည်။ မြေပြင် ရုတ်တရက် လှုပ်ရှားသွားသည့်အခါ ဦးနှောက်က ခံစားချက်ဆိုင်ရာ အချက်အလက်များကို အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူလိုက်ပြီး ယိမ်းထိုးလှုပ်ရှားနေသကဲ့သို့ ခံစားရစေပါသည်။
မျက်စိက ပတ်ဝန်းကျင်ကို ငြိမ်သက်နေသည်ဟု မြင်တွေ့နေရသော်လည်း နားအတွင်းပိုင်းက ငလျင်၏ တုန်ခါမှုကို ခံစားသိရှိနေသည်။ ဤသို့ ဆန့်ကျင်ဘက်ဖြစ်နေသော အချက်အလက်များက ဦးနှောက်ကို ဇဝေဇဝါဖြစ်စေပြီး ကားမူး၊ လှေမူးသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်စေပါသည်။
ငလျင်လှုပ်စဉ်အတွင်း ခန္ဓာကိုယ်က နှလုံးခုန်နှုန်း မြန်လာခြင်း သို့မဟုတ် သွေးဖိအား မမှန်ခြင်းများ ဖြစ်ပေါ်တုံ့ပြန်တတ်ပြီး ယင်းက ခေါင်းမူးခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ငလျင်သည် ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကြောက်ရွံ့မှု သို့မဟုတ် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်သည်။ စိုးရိမ်ပူပန်မှုကြောင့် အက်ဒရီနလင် (Adrenaline) ဟော်မုန်း ထွက်ရှိလာခြင်းက ခေါင်းမူးခြင်း သို့မဟုတ် မျက်စိပြာခြင်းကို ဖြစ်စေနိုင်ပါသည်။

ခေါင်းမူးခြင်း ပြင်းထန်ပါက သို့မဟုတ် ငလျင်လှုပ်ပြီးနောက်တွင်လည်း သက်သာမသွားပါက နားအတွင်းပိုင်း ပြဿနာများ သို့မဟုတ် အခြားကျန်းမာရေး အခြေအနေများကို စစ်ဆေးနိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။