Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

နာတာရှည် ခါးနှင့် နံဘေးနာကျင်ခြင်း - ကျောက်ကပ်ကျောက်တည်ခြင်း၏ သတိပေးလက္ခဏာ

September 17 / 2026

ကျောက်ကပ်ကျောက်တည်ခြင်း

 

 

 

     ကျောက်ကပ်ကျောက်တည်ခြင်း (Kidney Stone) ဆိုသည်မှာ သတ္တုဓာတ် ပုံဆောင်ခဲများ စုစည်းမိရာမှ အမျိုးအစားနှင့် အရွယ်အစား အမျိုးမျိုးရှိသော ခဲမာများ ဖြစ်ပေါ်လာသည့် ရောဂါဖြစ်သည်။ ယင်းကို ကျောက်ကပ် ပြွန်ငယ်များ (Calyx) သို့မဟုတ် ကျောက်ကပ် ရေဆင်းလမ်းကြောင်း (Renal Pelvis) တွင် တွေ့ရလေ့ရှိပြီး ဆီးကို အလွန်ပြစ်စေကာ ကျောက်အဖြစ် အနိမ့်ကျကျန်ရစ်စေသည်။ ကျောက်ကပ်ကျောက်တည်ခြင်းသည် ပြန်လည်ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။

 

 

ကျောက်ကပ်ကျောက်တည်ခြင်း

 

 

ကျောက်ကပ်ကျောက်တည်ရသည့် အကြောင်းရင်းများ

  • ဆီးထဲတွင် ကယ်လ်ဆီယမ်၊ အောက်ဇဲလစ်အက်ဆစ် နှင့် ယူရစ်အက်ဆစ် ကဲ့သို့သော ဆား၊ သတ္တုဓာတ်များနှင့် ဒြပ်ပစ္စည်းများ အချိုးအစား ပြောင်းလဲကာ ဆီးအရည်မှ ပျော်ဝင်နိုင်သည်ထက် အလွန်အမင်း များပြားလာခြင်းကြောင့် နောက်ဆုံးတွင် အခဲအဖြစ် စုစည်းသွားခြင်းဖြစ်သည်။
  • ဆား၊ သကြားနှင့် ပရိုတင်းဓာတ်မြင့်မားသော အစားအစာများကို စားသုံးခြင်းနှင့် နေ့စဉ် ရေလုံလောက်စွာ မသောက်သုံးခြင်းကဲ့သို့သော အစားအသောက် အလေ့အထများ ကြောင့်လည်း ဖြစ်နိုင်သည်။
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ မက်တာဘောလစ် ရောဂါများ အပြင် ဂေါက်ရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါ စသည့် ရောဂါများအတွက် သောက်ဆေးအချို့ အသုံးပြုခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။
  • ဗီတာမင် ဒီ သို့မဟုတ် ဗီတာမင် စီ အားဆေးများကို အလွန်အမင်း သောက်သုံးခြင်း။

 

ကျောက်ကပ်ကျောက်တည်ခြင်း၏ ရှေ့ပြေးလက္ခဏာများ

ကျောက်ကပ်ကျောက်တည်ခြင်းသည် များသောအားဖြင့် လက္ခဏာ မပြတတ်ပါ။ သို့သော် ထပ်မံပိုးဝင်ခြင်း သို့မဟုတ် ကျောက်ခဲမှ ဆီးလမ်းကြောင်းကို ပိတ်ဆို့သွားသည့်အခါမှသာ အောက်ပါလက္ခဏာများ ပြသတတ်သည်-

 

  • ကျောပြင် သို့မဟုတ် ဝမ်းဗိုက် ဘေးတစ်ဖက်တစ်ချက်တွင် ရာသီလာစဉ် ဗိုက်အောင့်သကဲ့သို့ စူးအောင့်ခြင်း၊ ရုတ်တရက် အောင့်ခြင်းများ ဖြစ်ပေါ်ပြီး နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ အောင့်နေနိုင်သည်။
  • ပျို့အန်ခြင်း။
  • ဆီးအရောင် နောက်ကျိခြင်း သို့မဟုတ် နီရဲခြင်း၊ အချို့အချိန်များတွင် ဆီးနှင့်အတူ ကျောက်ခဲသေးသေးလေးများ သို့မဟုတ် သဲပွင့်လေးများ ပါလာနိုင်သည်။
  • နာကျင်သည့်နေရာကို ဖိကြည့်ပါက ပိုမိုမနာဘဲ အချို့အချိန်တွင် သက်သာသလိုပင် ခံစားရနိုင်သည်။
  • ကျောက်ခဲသည် ဆီးပြွန်ထဲသို့ ပြုတ်ကျပါက ဝမ်းဗိုက်အတွင်း ပြင်းထန်စွာ နာကျင်လိမ့်မည်။
  • ဆီးလမ်းကြောင်း နောက်ဆက်တွဲ ပိုးဝင်ခြင်းကြောင့် ဖျားနာခြင်း။

 

 

 

ကျောက်ကပ်ကျောက်တည်ခြင်းကျောက်ကပ်ကျောက်တည်ခြင်းကျောက်ကပ်ကျောက်တည်ခြင်းကျောက်ကပ်ကျောက်တည်ခြင်း

 

 

 

ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသခြင်း

ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသရာတွင် ကျောက်၏ အမျိုးအစားနှင့် အရွယ်အစားပေါ် မူတည်၍ အောက်ပါအတိုင်း ကုသနိုင်သည်-

 

1.  ခွဲစိတ်စရာမလိုသော ကုသမှု

     ကျောက်ခဲ အရွယ်အစား အလွန်သေးငယ်ပါက ဆီးနှင့်အတူ ပါသွားစေရန် ရေများများသောက်ခြင်း သို့မဟုတ် ဆေးဖြင့် ပျော်ဝင်နိုင်သော ကျောက်အမျိုးအစားဖြစ်ပါက ကျောက်ကျဆေး သောက်ခြင်းဖြင့် အလိုအလျောက် ထွက်လာနိုင်သည်။

 

2.  ကျောက်ခေချစက် အသုံးပြု၍ ကုသခြင်း

     ကျောက်ခွေချစက် အသုံးပြုခြင်း (Extracorporeal Shock Wave Lithotripsy : ESWL) သည် ၂ စင်တီမီတာထက် မကြီးသော ကျောက်များကို တုန်ခါလှိုင်းသုံး၍ ကျောက်ခဲအား ကြေမွစေကာ ဆီးနှင့်အတူ စွန့်ထုတ်စေခြင်းဖြစ်သည်။ လူနာသည် အနည်းငယ် နာကျင်နိုင်ပြီး အခြား နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်သဖြင့် ကျွမ်းကျင်သော အထူးကုဆရာဝန်နှင့် သေချာစွာ ကုသမှု ခံယူသင့်သည်။

 

3.  မှန်ပြောင်းကြည့်၍ ကျောက်ချေခြင်း

     မှန်ပြောင်းကြည့်၍ ကျောက်ချေခြင်း (Ureteroscopy) သည် ဆီးပြွန်မှတစ်ဆင့် ကျောက်ကပ်အထိ မှန်ပြောင်းထည့်သွင်းပြီး ကိရိယာများဖြင့် ကျောက်ကို အပိုင်းသေးများဖြစ်အောင် ချေဖျက်ကာ ဆီးမှတစ်ဆင့် စွန့်ထုတ်စေခြင်းဖြစ်သည်။

 

4.  ခွဲစိတ်ကုသခြင်း

     PCNL ခွဲစိတ်ကုသခြင်း (Percutaneous Nephrolithotomy) ကို ကျောက်ခဲ အရွယ်အစား ကြီးမားပြီး အခြားနည်းလမ်းများဖြင့် ကုသ၍ မရသော အခါမျိုးတွင် အသုံးပြုသည်။ ဆရာဝန်သည် လူနာ၏ ကျောဘက်တွင် အပေါက်သေးသေးလေး ဖောက်ကာ မှန်ပြောင်းကြည့်၍ ကိရိယာထည့်သွင်းပြီး ကျောက်ကို အပိုင်းသေးများဖြစ်အောင် ချေဖျက်ကာ ထိုအပေါက်မှပင် ကျောက်ခဲများကို ညှပ်ထုတ်ယူသည်။ ဤနည်းလမ်းသည် ကျွမ်းကျင်သော အထူးကုဆရာဝန်ကိုယ်တိုင် စိစစ်၍ ခွဲစိတ်ကုသရမည်ဖြစ်သည်။

 

ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ခြင်း

  • သတ္တုဓာတ်များ စုစည်းမိ၍ ကျောက်ဖြစ်နိုင်ခြေကို လျှော့ချရန် ရေများများသောက်ပါ။
  • သဘာဝ အစားအစာများမှ ကယ်လ်ဆီယမ်ဓာတ်ကို လုံလောက်စွာ စားသုံးပါ။
  • ငန်သော အစားအစာများကို ရှောင်ကြဉ်ပြီး ဟင်းလျာများတွင် ဆားလျှော့ပါ။
  • အသား၊ နို့နှင့် ထောပတ် စားသုံးမှုကို ထိန်းချုပ်ပါ။
  • ဟင်းသီးဟင်းရွက် များများစားပေးခြင်းဖြင့် ကျောက်တည်နိုင်ခြေကို လျှော့ချပါ။