นพ. พีรธัช โชคมั่งมีพิศาล
กุมารแพทย์ด้านประสาทวิทยา

ဘယ်လောက်ပဲအိပ်အိပ် အိပ်ချင်နေတုန်းဖြစ်ဖူးပါသလား? 8 နာရီပြည့်အောင်အိပ်လည်းပြီးပြီ၊ စောစောလည်းအိပ်ခဲ့တယ်၊ ညဉ့်လည်းမနက်ခဲ့ပါဘူး။ ဝဝလင်လင်အိပ်စက်ခဲ့ပေမဲ့ ဘာလို့ အိပ်ချင်စိတ်ဖြစ်ပြီး လန်းဆန်းမနေရတာလဲ? အထူးသဖြင့် မွန်းလွဲပိုင်း နေ့လယ်စာစားပြီးချိန်မှာ ပိုလို့တောင် အိပ်ချင်လာတတ်ပါတယ်။ လူတော်တော်များများက ကော်ဖီသောက်ခြင်း၊ အားဖြည့်အဖျော်ယမကာသောက်ခြင်း၊ မျက်နှာသစ်ခြင်း သို့မဟုတ် လမ်းထလျှောက်ခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် အိပ်ချင်ပြေအောင် လုပ်ဆောင်ကြသော်လည်း ယုံချင်မှယုံပါ၊ အကယ်၍ သင် အရမ်းအိပ်ချင်နေပါက “ခဏတစ်ရေးအိပ်ခြင်း” သည် သင့်ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေပြီး ညနေ အလုပ်ဆင်းချိန်အထိ ဆက်လက်အလုပ်လုပ်နိုင်စေရန် ကူညီပေးသည့် အခြားနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။




10-20 မိနစ် သည် တစ်ရေးအိပ်ရန် အကောင်းဆုံး ကြာချိန်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒီအချိန်အတိုင်းအတာအတွင်း အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို နိုးကြားစေပြီး ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည့်အဆင့်သို့ မရောက်သေးသည့်အတွက် နှိုးရလွယ်ကူပြီး နိုးလာသောအခါ ခေါင်းမူးနောက်ခြင်း မဖြစ်စေဘဲ မောပန်းနွမ်းနယ်မှုကို အကောင်းဆုံး ပြန်လည်သက်သာစေပါတယ်။ ထိုထက် ပိုမိုကြာရှည်စွာ အိပ်စက်ပါက ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ မူလက 30 မိနစ်ကြာ အိပ်ပါက နိုးလာသောအခါ ခေါင်းမူးခြင်း၊ ခန္ဓာကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည့်အဆင့်သို့ စတင်ဝင်ရောက်သွားသည့်အတွက် ခေါင်းကိုက်ခြင်းများပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ မိနစ် 60-90 ကြာ အိပ်စက်ခြင်းမှာမူ အလုပ်ခွင်တွင် တစ်ရေးအိပ်ရန် အနည်းငယ် ကြာမြင့်လွန်းသော အချိန်ဖြစ်ပါတယ်။
အိပ်ချင် သို့မဟုတ် မောပန်းနွမ်းနယ်နေသူများ အနားယူချိန်အတွင်း ခဏမျှ တစ်ရေးအိပ်ကြည့်ပြီးမှ အလုပ်ဆက်လုပ်ပါ၊ ပိုမိုထိရောက်မှုရှိကြောင်း အာမခံပါတယ်။