Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

နွေရာသီ ကျန်းမာအေးမြစေမည့် နည်းလမ်း (၉) သွယ်

September 23 / 2026

အပူဒဏ်ဖြေဖျောက်နည်း

 

 

     နွေရာသီသို့ ရောက်ရှိလာသောအခါ ပူပြင်းလှသော ရာသီဥတုကြောင့် ခန္ဓာကိုယ်မှ ချွေးနှင့် ရေဓာတ် အများအပြား ဆုံးရှုံးရပြီး မအီမသာဖြစ်ခြင်းနှင့် အလွယ်တကူ ဖျားနာခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် နွေရာသီတစ်လျှောက်လုံး လန်းဆန်းပြီး ကျန်းမာရေးကောင်းမွန်စေရန် အောက်ပါ နည်းလမ်း ၉ ချက်ဖြင့် မိမိကိုယ်ကို လွယ်ကူစွာ ပြုစုစောင့်ရှောက်နိုင်ပါသည်။

 

9 နွေရာသီတွင် အပူဒဏ်ပြေပျောက်ပြီး ကျန်းမာစေမည့် နည်းလမ်း ၉ ချက်

1.  ရေကို လုံလောက်စွာ သောက်သုံးပါ

     ဆုံးရှုံးသွားသော ချွေးဓာတ်များကို ပြန်လည်ဖြည့်တင်းရန် သန့်ရှင်းသော ရေအေးကို တစ်နေ့လျှင် အနည်းဆုံး ဖန်ခွက် ၈ ခွက် သောက်သုံးသင့်ပါသည်။ အလွန်အေးသောရေ၊ အချိုရည်နှင့် သကြားဓာတ် များပြားသော အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။

 

2.  လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော အစားအစာများကို စားသုံးပါ

     ညသိပ်ဟင်းများ၊ အစိမ်း သို့မဟုတ် မကျက်တကျက် အစားအစာများကို ရှောင်ကြဉ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိစေရန် သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ရွေးချယ် စားသုံးပါ။

 

3.  လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို ဝတ်ဆင်ပါ

     ချွေးထွက်လွယ်စေပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ရန် ပါးလွှာပြီး အရောင်ဖျော့သော လျော့လျော့ရဲရဲ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။

 

 

အပူဒဏ်ဖြေဖျောက်နည်းအပူဒဏ်ဖြေဖျောက်နည်း

 

 

 

4.  ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပါ

     လေဝင်လေထွက်ကောင်းသော အခန်းတွင်း၌ နေထိုင်သင့်ပြီး အလွယ်တကူ ဖျားနာနိုင်သဖြင့် လေအေးပေးစက်ကို အလွန်အေးအောင် ဖွင့်ခြင်းမှ ရှောင်ကြဉ်ပါ။

 

5.  နေလောင်ကာခရမ် ပုံမှန် လိမ်းပေးပါ

     နေရောင်ထဲမထွက်မီ အနည်းဆုံး ၁၅ မိနစ်အလိုတွင် SPF 30 သို့မဟုတ် ထို့ထက်မြင့်သော နေလောင်ကာခရမ်ကို လိမ်းပေးပါ၊ ၂ နာရီတစ်ကြိမ် သို့မဟုတ် ချွေးအများအပြား ထွက်ပြီးနောက် ပြန်လည်လိမ်းပေးပါ။

 

6.  နေရောင်ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပါ

    နေရောင်ထဲ ထွက်ရပါက ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ဦးထုပ်၊ ထီး၊ နေကာမျက်မှန်၊ လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။

 

 

အပူဒဏ်ဖြေဖျောက်နည်းအပူဒဏ်ဖြေဖျောက်နည်းအပူဒဏ်ဖြေဖျောက်နည်း

 

 

7.  အချိုဓာတ်များသော အစားအစာများကို လျှော့ချပါ

     သကြားဓာတ် များပြားသော အစားအစာများသည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ရေဆာခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။

 

8.  အရက်သေစာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ

     အရက်သည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး အာရုံကြောစနစ်ကို ထိခိုက်စေကာ ရှော့ခ်ရသည်အထိ ဖြစ်စေနိုင်ပါသည်။

 

9.  သင့်တော်ရုံသာ လေ့ကျင့်ခန်း လုပ်ပါ

     ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် ကောင်းမွန်သော်လည်း အလွန်အမင်း မပင်ပန်းစေဘဲ သင့်တော်ရုံသာ ပြုလုပ်သင့်ပြီး နေရောင်ခြည်ကို ရှောင်ရှားရန် နံနက်စောစော သို့မဟုတ် ညနေပိုင်းများတွင်သာ လေ့ကျင့်ခန်း လုပ်သင့်ပါသည်။

 

 

 

 

 

ဤမျှဖြင့် သင်သည် နွေရာသီတစ်လျှောက်လုံး စိတ်ပူစရာမလိုဘဲ ကျန်းမာသန်စွမ်းပြီး လန်းဆန်းစွာ နေထိုင်နိုင်ပြီ ဖြစ်ပါသည်။ မိမိကိုယ်ကို ဂရုစိုက်ပြီးပါက အထူးသဖြင့် ကလေးငယ်များနှင့် လူကြီးသူမများအပါအဝင် ဘေးပတ်ဝန်းကျင်မှ လူများကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။