Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

လူနာများအတွက် ခွဲစိတ်မှု မပြုမီနှင့် ပြုပြီးနောက် လိုက်နာရန် ညွှန်ကြားချက်များ

September 23 / 2026

ခွဲစိတ်ကုသမှု မပြုမီနှင့် ပြုပြီးနောက် လိုက်နာရန် ညွှန်ကြားချက်များ

 

ခွဲစိတ်မှုမပြုမီ လိုက်နာရန်များ

  • ခွဲစိတ်စဉ် မေ့ဆေးပေးနေချိန်အတွင်း အစာဟောင်းများ လေပြွန်နှင့် အဆုတ်အတွင်းသို့ သီးဝင်ခြင်းမှ ကာကွယ်ရန် ခွဲစိတ်မှုမပြုမီ အနည်းဆုံး (၆) နာရီအလိုတွင် အစားအစာနှင့် သောက်စရာ ရေအမျိုးအစား အားလုံးကို မစားမသောက်ရပါ။
  • ရေချိုး၊ ခေါင်းလျှော်၊ မျက်နှာကို စင်ကြယ်စွာ သန့်စင်ထားရမည်။ ခရမ်နှင့် မိတ်ကပ်အမျိုးအစား အားလုံး လိမ်းခြယ်ခြင်း မပြုရပါ။ ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် အောက်ဆီဂျင်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သော မူမမှန်သည့် လက္ခဏာများကို ဆရာဝန်နှင့် သူနာပြုများ လွယ်ကူစွာ သတိပြုမိစေရန် လက်သည်း၊ ခြေသည်းများကို တိုတိုညှပ်ပြီး လက်သည်းနီ ပေါလစ်များကို ဖျက်ထားရမည်။
  • ခွဲစိတ်နေစဉ် အံကပ်များ ကျွတ်ထွက်ပြီး လေပြွန်အတွင်း ပိတ်ဆို့ခြင်းမှ ကာကွယ်ရန် အဖိုးတန်ပစ္စည်းများ၊ လက်စွပ်၊ ကလစ်၊ ဆွဲကြိုး၊ လက်စွပ်၊ နားကပ်၊ မျက်မှန်၊ ကွန်တက်လင်းနှင့် (ဖြုတ်တပ်နိုင်သော) အံကပ် အစရှိသော အလှဆင်ပစ္စည်း အမျိုးအစား အားလုံးကို ချွတ်ထားရမည်။
  • ခွဲစိတ်ခန်းသို့ မဝင်မီ ဆီး၊ ဝမ်း ပုံမှန် စွန့်ထုတ်ထားပါ။
  • ခွဲစိတ်မည့်နေရာရှိ အမွှေးအမျှင်များကို မိမိဘာသာ ရိတ်ခြင်း မပြုရပါ။
  • ခွဲစိတ်မှု မပြုမီ အနည်းဆုံး ရက်ပေါင်း (၃၀) အလိုတွင် ဆေးလိပ်သောက်ခြင်းကို ရပ်နားရန် အကြံပြုပါသည်။

 

 

 

ခွဲစိတ်မှုမပြုမီ ပြင်ဆင်ခြင်းခွဲစိတ်မှုမပြုမီ ပြင်ဆင်ခြင်းခွဲစိတ်မှုမပြုမီ ပြင်ဆင်ခြင်း

 

 

 

ခွဲစိတ်ခန်းမှ ပြန်လာပြီးနောက် လိုက်နာရန်များ

  • ခွဲစိတ်ပြီးနောက် လူနာသည် မေ့ဆေး သို့မဟုတ် ထုံဆေးအရှိန် လျော့ပါးသွားချိန်တွင် ဘေးကင်းစိတ်ချရစေရန်အတွက် ပြန်လည်ကောင်းမွန်ရေးအခန်း (Recovery Room) ၌ သူနာပြု၏ အနီးကပ်စောင့်ရှောက်မှုဖြင့် (၂) နာရီခန့် စောင့်ကြည့်စောင့်ရှောက်မှု ခံယူပြီးမှ လူနာခန်းသို့ ပြောင်းရွှေ့ပေးမည် ဖြစ်ပါသည်။
  • ခွဲစိတ်ပြီးနောက် သူနာပြုများသည် ဆရာဝန်၏ ကုသမှုအစီအစဉ်အတိုင်း အကိုက်အခဲပျောက်ဆေး ပေးနိုင်ရန် လူနာ၏ နာကျင်မှုအဆင့်ကို မေးမြန်းစစ်ဆေးပြီး နာကျင်မှုကို စောင့်ရှောက်ပေးမည် ဖြစ်ပါသည်။
  • အချို့သော လူနာများတွင် ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျှော့ချပေးသည့် အကိုက်အခဲပျောက်ဆေးပေးစက် (PCA) ပါရှိနိုင်ပါသည်။ ဆရာဝန်၏ ထိန်းချုပ်မှုနှင့် ညွှန်ကြားချက်အတိုင်း နာကျင်ပါက လူနာကိုယ်တိုင် နှိပ်၍ အကိုက်အခဲပျောက်ဆေး ပေးနိုင်သဖြင့် ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျှော့ချပေးနိုင်ပါသည်။
  • ခွဲစိတ်ဒဏ်ရာ သို့မဟုတ် ဒဏ်ရာဘေးတွင် သွေးနှင့် အရည်များကို စုတ်ထုတ်ရန် ပိုက်တပ်ဆင်ထားနိုင်ပါသည်။ လူနာများအနေဖြင့် ထိုပိုက်များကို ကိုယ်တိုင် ဆွဲနှုတ်ခြင်း မပြုရပါ။ ဒဏ်ရာနာကျင်ပါက အကိုက်အခဲပျောက်ဆေး တောင်းခံရန် သူနာပြုကို အကြောင်းကြားပါ။
  • ခန္ဓာကိုယ် လှုပ်ရှားခြင်းနှင့် ထထိုင်ခြင်း- ခွဲစိတ်ပြီးနောက် (၂) နာရီလျှင် တစ်ကြိမ် အိပ်သည့်ပုံစံ ပြောင်းပေးခြင်း၊ ကိုယ်စောင်းပေးခြင်းနှင့် သက်သာလာသည်နှင့်တစ်ပြိုင်နက် ထထိုင်၍ ခန္ဓာကိုယ် လေ့ကျင့်ခန်း စတင်ပြုလုပ်ပေးသင့်ပါသည်။
  • ဆရာဝန်က အစာစားရန် ခွင့်ပြုပါက နည်းနည်းချင်း စတင်စားသုံးပြီး ဗိုက်ကယ်ခြင်း၊ မအီမသာဖြစ်ခြင်း ရှိမရှိ စောင့်ကြည့်ပါ။ နောက်တစ်နေ့တွင် ပုံမှန်အတိုင်း အစာစတင်စားသုံးနိုင်ပါသည်။ အထူးသဖြင့် အိမ်တွင် ပြန်လည်အနားယူချိန်၌ ကျန်းမာရေး သန်စွမ်းစေရန် ပိုမိုအာဟာရဖြည့်တင်းရမည် ဖြစ်ပြီး အသား၊ ဥအမျိုးမျိုး၊ နို့၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ဒဏ်ရာကို မြန်ဆန်စွာ ကျောက်က်ကျက်စေပါသည်။
  • ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို ရက်စုံအောင် သောက်သုံးပါ။
  • ဝမ်းချုပ်ခြင်းမှ ကာကွယ်ရန် ဝမ်းမှန်မှန်သွားသည့် အလေ့အကျင့်ကို ထိန်းသိမ်းပါ။
  • အထူးသဖြင့် ခွဲစိတ်ပြီး ပထမ (၁-၂) ပတ်အတွင်း လုံလောက်စွာ အနားယူပါ။

 

မှန်ကန်သော အသက်ရှူသွင်း ရှူထုတ်နည်း

မှန်ကန်သော နည်းလမ်းဖြင့် အသက်ကို ဝအောင် ရှူသွင်းရှူထုတ် ပြုလုပ်ခြင်းသည် အဆုတ်ကို အပြည့်အဝ ပွေ့ကားစေပြီး အကိုက်အခဲပျောက်ဆေး လိုအပ်မှုကို လျှော့ချပေးနိုင်ကာ သတိရလာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြုလုပ်နိုင်ပါသည်။

 

၁။  (၁) နာရီလျှင် (၅) ကြိမ်နှုန်းဖြင့် အသက်ကို ဝအောက် ရှူသွင်းရှူထုတ် ပြုလုပ်ပါ

  • ခေါင်းမြှောက်အိပ်ပါ သို့မဟုတ် ထထိုင်ပါ၊ ဒူးကို အနည်းငယ် ကွေးထားပါ (ကျောရိုးဆဆစ် ထုံဆေးပေးထားသော အခြေအနေမှအပ)။
  • ဖြစ်ပေါ်လာမည့် နာကျင်မှုကို လျှော့ချနိုင်ရန် လက်နှစ်ဖက်စလုံးကို ဒဏ်ရာပေါ်တွင် တင်ထားပါ သို့မဟုတ် ယှက်ထားပါ သို့မဟုတ် ခေါင်းအုံးကို ဒဏ်ရာပေါ်တွင် တင်ထားပါ။
  • နှာခေါင်းမှတစ်ဆင့် အသက်ကို ဖြည်းဖြည်းနှင့် ဝအောင် ရှူသွင်းပြီး (၃) စက္ကန့်ခန့် အသက်အောင့်ထားပါ (စိတ်ထဲမှ ၁-၂-၃ ရေတွက်ပါ)။
  • လေချွန်မည်ကဲ့သို့ နှုတ်ခမ်းကို စုပြီး လေကို ဖြည်းဖြည်းနှင့် ရှည်ရှည် ပြန်ရှူထုတ်ပါ။

 

၂။ လည်ချောင်းအတွင်းမှ သလိပ်ထွက်စေရန် ထိရောက်စွာ ချောင်းဆိုးနည်း

  • အထက်ပါ နည်းလမ်းအတိုင်း အသက်ကို ဝအောင် (၄) ကြိမ်ခန့် ရှူသွင်းရှူထုတ် ပြုလုပ်ပါ။
  • (၄) ကြိမ်မြောက်တွင် အသက်ကို ဝအောင် ရှူသွင်းပြီး (၃) စက္ကန့်ခန့် အသက်အောင့်ထားပါ (စိတ်ထဲမှ ၁-၂-၃ ရေတွက်ပါ)။
  • ချောင်းမဆိုးမီ လက်နှစ်ဖက်စလုံးဖြင့် ဒဏ်ရာကို ဖိထားပါ။
  • ထို့နောက် တင်ကျန်နေသော သလိပ်များ ထွက်သွားစေရန် လည်ချောင်း အောက်ခြေမှတစ်ဆင့် (၁-၂) ကြိမ်ခန့် ချောင်းဆိုးထုတ်ပါ။

 

 

ခွဲစိတ်ကုသမှု မပြုမီနှင့် ပြုပြီးနောက် လိုက်နာရန် ညွှန်ကြားချက်များ

 

 

ခွဲစိတ်ပြီးနောက် ဒဏ်ရာပြုစုထိန်းသိမ်းနည်း ညွှန်ကြားချက်များ

  • ဆရာဝန် ပြန်လည်ပြသရန် ချိန်းဆိုသည့်နေ့အထိ ဒဏ်ရာစည်းထားသည်များကို ခွာကြည့်ရန် မလိုပါ။
  • ဒဏ်ရာပတ်တီး/ပလာစတာ ကွာကျပါက ရက်ချိန်းမတိုင်မီ အနီးအနားရှိ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ဒဏ်ရာသွားရောက် ပြုပြင်ရန် အကြံပြုပါသည်။
  • ရေမစိုနိုင်သော ပလာစတာဖြင့် ပိတ်ထားသည့် ဒဏ်ရာများဖြစ်ပါက ဒဏ်ရာ မညစ်ပတ်စေရန်နှင့် ရေမထိစေရန် ဂရုစိုက်ပါ။
  • ရေစိုခံ ပလာစတာ ကပ်ထားပါက ရေချိုးချိန်တွင် ဒဏ်ရာပေါ်သို့ ရေတိုက်ရိုက် လောင်းချခြင်းနှင့် ပွတ်တိုက်ခြင်းများ မပြုလုပ်ပါနှင့်၊ ရေစိုခံပလာစတာ ကွာကျလွယ်သောကြောင့် ဖြစ်ပါသည်။ ရေချိုးပြီးပါက ပလာစတာ ကွာကျခြင်းမှ ကာကွယ်ရန် တဘက်ဖြင့် သာသာမျှ ဖိသုတ်ပေးပါ။
  • ချွေးအလွန်ထွက်စေသော လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ၊ ပလာစတာကပ်ထားသည့်နေရာ ယားယံခြင်း သို့မဟုတ် ပလာစတာ ကွာကျခြင်းများ ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။
  • ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေး (ပိုးသတ်ဆေး) များကို ကုန်စင်အောင် သောက်သုံးပါ။
  • ဆရာဝန်၏ ရက်ချိန်းအတိုင်း လာရောက်ပြသပါ၊ သို့မဟုတ် ဒဏ်ရာမှ အရည် သို့မဟုတ် ပြည်များ စိမ့်ထွက်ခြင်း၊ ဖျားခြင်း၊ ခွဲစိတ်ဒဏ်ရာနေရာ နီရဲ၊ ရောင်ရမ်း၊ ပူပြီး ဖိလျှင် နာကျင်ခြင်း အစရှိသော မူမမှန်သည့် လက္ခဏာများ ရှိပါက ဆရာဝန်ထံ ချက်ချင်း ပြန်လည်လာရောက် ပြသပါ။
  • အခြား ညွှန်ကြားချက်များကို ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း တိကျစွာ လိုက်နာပါ။

 

 

ခွဲစိတ်မှုမပြုမီและပြုပြီးနောက် မှန်ကန်စွာ လိုက်နာနေထိုင်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲ ပြဿနာများကို လျှော့ချပေးနိုင်ပြီး လူနာကို ပိုမိုမြန်ဆန်စွာ ပြန်လည်ကျန်းမာလာစေပါသည်။