WANWISA CHAICHANA, M.D.
OB-GYN

မွေးလမ်းကြောင်းမှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းသည့် လက္ခဏာသည် အလွန်တွေ့ရှိရများပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ရောဂါပြင်းထန်မှုအပေါ် မူတည်၍ အသက်အရွယ်အမျိုးမျိုးတွင် တွေ့ရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် လူအများစုသည် မွေးလမ်းကြောင်းမှ ဆင်းသည့်သွေးကို ရာသီသွေးဟုသာ အမြဲနားလည်တတ်ကြပါသည်။
လက်တွေ့တွင် ပုံမှန်ရာသီသွေးဆိုသည်မှာ သားအိမ်အတွင်းမှ စီးထွက်လာသော သွေးနှင့် တစ်သျှူးစအသေးစားများဖြစ်ပြီး ခန္ဓာကိုယ်၏ ဟော်မုန်းအပြောင်းအလဲအရ အလှည့်ကျ ဆင်းခြင်းဖြစ်ပါသည်။ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခု အကွာအဝေးမှာ ၂၁ မှ ၃၅ ရက်အတွင်း ရှိတတ်သော်လည်း ယေဘုယျအားဖြင့် ပျမ်းမျှ ၂၈ ရက် သို့မဟုတ် ၇ ရက်ထက် မပိုသော ရက်ပေါင်းထည့်ကာ လာတတ်ပြီး၊ တစ်ကြိမ်လျှင် သွေးပမာဏ ပျမ်းမျှ ၃၀ မှ ၄၀ စီစီခန့် ဆင်းလေ့ရှိပါသည်။
သင့်တွင် အထက်ပါ ပုံမှန်ရာသီသွေးဆင်းသည့် လက္ခဏာများနှင့် မတူညီဘဲ မွေးလမ်းကြောင်းမှ သွေးဆင်းသည့် အခြေအနေရှိပါက အကြောင်းအရင်းကို ရှာဖွေပြီး ရောဂါအစောပိုင်းအဆင့်မှစ၍ ကုသမှုခံယူနိုင်ရန် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဆရာဝန်များသည် သွေးဆင်းသည့် တည်နေရာကို အခြေခံ၍ အကြောင်းအရင်းများကို ရိုးရှင်းစွာ အုပ်စု ၂ မျိုး ခွဲခြားနိုင်ပါသည် -
လူနာအများစုတွင် သားအိမ်အတွင်းပိုင်းမှ သွေးဆင်းခြင်းအပြင် ထိခိုက်မှုဖြစ်စေသော အခြားရောဂါများဖြစ်သည့် သွေးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွေ့ဂလင်းရောဂါ စသည်တို့နှင့် ဒွန်တွဲဖြစ်ပွားတတ်ပါသည်။ ကုသပေးသော ဆရာဝန်သည် တစ်ဦးချင်းစီအတွက် သင့်တော်သော စစ်ဆေးမှုများပြုလုပ်ရန် အကြံပြုပေးပါလိမ့်မည်။


ထို့အပြင် ဆရာဝန်သည် ဟော်မုန်းပမာဏကို စစ်ဆေးရန် သွေးစစ်ခြင်း၊ အာထရာဆောင်း (Ultrasound) ရိုက်ခြင်း၊ သားအိမ်အတွင်းပိုင်း တစ်သျှူးစယူ၍ စစ်ဆေးရန် သားအိမ်ခြစ်ခြင်း သို့မဟုတ် သားအိမ်အတွင်းပိုင်း သို့မဟုတ် ဝမ်းဗိုက်အတွင်းပိုင်းကို မှန်ပြောင်းကြည့် စစ်ဆေးခြင်း စသည့် အပိုဆောင်းစစ်ဆေးမှုများကိုလည်း အကြံပြုနိုင်ပါသည်။

ပုံမှန်ရာသီသွေးဆင်းခြင်းနှင့် မတူသော မွေးလမ်းကြောင်းမှ သွေးဆင်းသည့် အခြေအနေရှိပါက အကြောင်းအရင်းကို ရှာဖွေကုသရန် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။